Tuesday, April 23, 2013

အချစ်နှင့်လူ တာယာပွကြီး ကာတွန်းရုပ်ပြ PDF

ဖိုင်ဆိုဒ် 6.2 mb
ဒီမှာယူပါ->http://db.tt/kzTyXQ4E

No comments:

 

Sample text

Sample Text

မှားရွင်းမှု၏အပိုင်းစများ

မှားရွင်းမှု၏အပိုင်းစများ

တကယ်ပါ... တောင်းပန်းခြင်းတွေ ဟာ မင်းဘ၀အတွက်
မပြည့်စုံနိုင်မှန် သိတယ် ...
မျက်ရည်တွေ ကိုသာ အဖော်ပြုနေရတဲ့
မင်းအတွက် အပြုံးတစ်ပွင့် မဖြစ်နိုင်ခဲ့တာ
ခွင့်လွှတ်ပါ မေ ... ။ ။

ရင်ခုန်သံတွေနဲ့ မပြီးဆုံးနိုင်တဲ့
လောကကြီးထဲမှာ ဘာဆိုဘာမှ မရှိတဲ့ ငါ
အားပေးသံမဲ့ခဲ့တဲ့ အသိုင်းအ၀ိုင်းရယ်
လက်ခုပ်သံ မကြားခဲ့ရတဲ့ ပတ်ဝန်းကျင်ရယ်
ကူညီမှု ကင်းမဲ့ တဲ့ ကံကြမ္မာရယ် ...
အားလုံးဟာ ငါ့အတွက် အကျည်းတန်လွန်းတယ် ... ။ ။

ငါ အားတင်းထားတယ် ... မင်း အတွက်
ငါ အသက်ဆက်နေတယ် ... မင်းအတွက်
ကံမကုန်သရွေ့ ရင်ခုန်သံတွေ မရပ်သရွေ့
ငါ ... မင်းအနား ရှိနေမှာပါ ... ။ ။

ငါ့ အချစ်တွေ ငါ့ ကြင်နာခြင်းတွေ ဟာ
မင်း အတွက် မပြည့်စုံနိုင်တာ သိလိုက်ရတဲ့ ခဏတာ
နာကျင်ခဲ့တယ် ...
ထားလိုက်ပါတော့ လေ ..
ချစ်တတ်ခဲ့ခြင်း ရဲ့ အဆုံးမှာ သံယောဇဉ်ဖြစ်တည် လာခဲ့တယ် ... ။ ။

အက္ခရာ မရှိတဲ့ ဘ၀ နဲ့ နှောင်ကြိုးတစ်မျှင် ရဲ့
လိုအင်ဆန္ဒ ၊ အားလုံး ဟာ ထပ်တူမကျနိုင် မှန်း
အစကတည်းက သိတယ် အိပ်မက်တစ်ခု လို
အမှတ်တမဲ့ ကောက်ရကတည်းက ရင်ခုန်သံတွေ
စတေး ရမှာ နားလည် ပါတယ် ... ။ ။

နောက်ဆုံး လက်ကျန်
အနမ်းတစ်စုံ ရဲ့ ခွန်းအား နဲ့
လိုအင်ဆန္ဒ တစ်ခုအား
နှောင်ကြိုးတစ်မျှင် ရဲ့ ထွက်သက်နဲ့
ဖြည့်ဆည်းပေး ခဲ့တယ် ... ။ ။
နာကျင်ခြင်းတွေ ဝေးပါစေ လေ ... ။ ။

Sample Text


 
Blogger Templates